ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်
ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် အရှင်အရိယာစာရ၊ ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်း သြဂုတ် ၇၊ ၂၀၁၂ သာသနာတော်နှစ်၂၅၅၆ခု၊မြန်မာသက္ကရာဇ် ၁၃၇၄ခု၊ဒုတိယဝါဆိုလဆန်း ( ၄ ) ရက် (၀၇။၂၂။၂၀၁၂)- တနင်္ဂနွေနေ့တွင်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဥက္ကလံမြို့ရှိဓမ္မအေးရိပ်ကျောင်းမှာ၊ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းကို ဒုတိယအကြိမ် အဖြစ် ဖွင့်ဖြစ်ပါတယ်။ သင်တန်းစတင်ဖွင့်လှစ်တဲ့အခမ်းအနားမှာ သင်တန်းနှင့်စပ်တဲ့အကြောင်းအရာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောချင်ပါတယ်။ ယခုလိုဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းကို ဖွင့်လှစ်ခြင်းအားဖြင့် သင်တန်းကို တက်ရောက်သင်ယူကြတဲ့ အနာဂါတ်မျိုးဆက်သစ်များအတွက်- ၁။ ဗုဒ္ဓဘာသာရဲ့အခြေခံကောင်းများ နှင့်ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးများကိို ပိုမိုသိရှိနားလည်သဘောပေါက်လာပြီးမြတ်ဗုဒ္ဓသာသနာတော်ကို လေးနက်စွာသက်ဝင်ယုံကြည်ကာ သဒ္ဓါတရားများတိုးပွားလာနိုင်ခြင်း။ ၂။ မိမိ၏တိုင်းပြည်နှင့်လူမျိုးအပေါ်၊ ဘာသာသာသနာနှင့်ရိုးရာယဉ်ကျေးမှု အမွေနစ်များ အပ...