ကထိန် အကြောင်း သိကောင်းစရာ "
ကထိန် အကြောင်း သိကောင်းစရာ "
တစ်နှစ်မှာ~ တစ်လ ၊
တစ်လမှာ~ တစ်ကြိမ်
တစ်ကြိမ်မှာ~ တစ်ကျောင်းသာ
လှူခွင့်ရှိတဲ့ ကထိန်အကြောင်းကို
အားလုံးသိစေဖို့ ရေးသားလိုက်ခြင်း
ဖြစ်ပါတယ် …။
၁။ ကထိန်စကားရဲ့ အဓိပ္ပါယ်
၂။ ကထိန်ခင်းခြင်း အဓိပ္ပါယ်
၃။ ကထိန်ခင်းရခြင်း အကြောင်း
၄။ ကထိန်ခင်းရခြင်း အကျိုး
၅။ ကထိန်အလှူ မွန်မြတ်ပုံ
မဂ်လမ်းကိုရည်ရွယ်ပုံ တို့ကို
ရှင်းလင်းပြောပြချင်တာပါ …။
🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️
၁။ #ကထိန်ဆိုတာ
❄❄❄❄❄❄❄❄❄
♦️ကထိန - ဆိုတဲ့
ပါဠိစကားလုံးကနေ ဆင်းသက်လာပြီး ထိုကထိန ဆိုတဲ့ ပါဠိကို ကထိန်ဟူ၍ မြန်မာမှုပြုထားခြင်းဖြစ်ပါတယ် ။
ကထိန ဆိုတဲ့ စကားလုံးက- မြဲမြံခြင်း ၊ ခိုင်ခံ့ခြင်း ၊ ခိုင်မြဲခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ် ။မြဲခြင်း အမျိုးမျိုးရှိကြပေမယ့်-
♦️ကထိန်နှင့်ပတ်သတ်လို့ မြဲခြင်းကတော့...
- အချိန်ကာလအားဖြင့် မြဲခြင်း
- အကျိုးတရားအားဖြင့် မြဲခြင်းပင်။
🔸️ #အချိန်ကာလအားဖြင့်မြဲခြင်း ကား-
{ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့ မှ တန်ဆောင်မုန်းလပြည့်နေ့ အထိ }
️ #တစ်လအတွင်း မှာ- ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊
ကထိန်ခင်းခြင်းတို့ကို... ပြုလုပ်ရမည်ဟု မြတ်စွာဘုရား အမိန့်တော်ဖြင့် ပိုင်းခြား သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
တစ်ခြားသော နတ်တော်လ ၊ ပြာသိုလ ၊ တပို့တွဲလတို့ကို ပြောင်းရွှေ့၍ ကထိန်ခင်း၍ မရပါဘူး …။
ဒါကြောင့် …ကထိန် ဆိုတာ - အချိန်ကာလအားဖြင့် မြဲခြင်းဖြစ်ပါသည်။
🔸️ #အကျိုးတရားအားဖြင့်မြဲပုံ ကား- ကထိန်ခင်းသည့် ကျောင်းတိုက်မှာ
သီတင်းသုံးတော်မူကြသည့် #ပုရိမဝါမှထသော
{ ဝါဆိုလပြည့်ကျော် ၁ - ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ဝါဆို ဝါကပ်ကြသော } #ရဟန်းတော်များမှာ...
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့ မှ တပေါင်းလပြည့်နေ့ တိုင်အောင် #ငါးလတိတိ
ကထိန်အကျိုး ငါးမျိုးကို ခိုင်ခိုင်မြဲမြဲ
ရရှိစေပါတယ် …။
တစ်ခြားလများသို့
ကထိန်အကျိုးတရားများ ပြောင်းလဲသွားခြင်းမရှိ၊ မည်သူက ဖျက်လို့မရအောင် မြဲမြံ ခိုင်မြဲခြင်း
ဖြစ်ပါတယ် …။
🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️
၂။ #ကထိန်ခင်းခြင်းအဓိပ္ပါယ်က -
❄❄❄❄❄❄❄❄❄❄
♦️ကထိန် အကျိုးတရားများကို
ကျယ်ပြန့်အောင် ပြုလုပ်တာဖြစ်ပါတယ် ။
ဆိုလိုသည်မှာ-
🔸️ ကထိန် မခင်းသည့် ကျောင်းတိုက်က
ရဟန်းတော်များမှာ... ကထိန် အကျိုးကို
သီတင်းကျွတ် လပြည့်ကျော် { ၁ } ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ
{ ၁ } လပဲ အကျိုးအာနိသင် မြဲပါတယ် …။
♦️ကထိန်ခင်းလိုက်တဲ့ ကျောင်းတိုက်ရှိ
ရဟန်းတော်များ ကတော့...
သီတင်းကျွတ်လပြည့်ကျော် { ၁ } ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ { ၅ } လတိုင်အောင်
အကျိုးတရားများ ကျယ်ပြန့်သွားတယ်ဟု ဆိုလိုခြင်း ဖြစ်ပါတယ် …။
♦️ကထိန်ခင်းခြင်းကို-
လူများက ခင်းရတာ မဟုတ်ဘဲ ရဟန်းတော်များသာ ခင်းရပါတယ် …။
♦️ရဟန်းတော်တောင်မှ
ပုရိမဝါ { ပထမဝါ } ဆိုတဲ့ ရဟန်းများသာ ခင်းလို့ရတာပါ …။
{ ပစ္ဆိမဝါ } လို့ခေါ်တဲ့ ဒုတိယဝါဆိုတော်မူတဲ့ ရဟန်းတော်များ ခင်းလို့ မရပါဘူး …။
🔸️ လူများကတော့-
သင်္ကန်းကို လှူဒါန်းပေးနိုင်တဲ့ ကထိန် သင်္ကန်းအလှူရှင်
ကထိန်ဒါယကာ ဒါယိကာမအဖြစ်သာ ခံယူခွင့် ရပါတယ် …။
♦️လူအများအနေနဲ့...
" သံဃဿ ဒေမ "ဆိုပြီး လှူဒါန်းလိုက်တဲ့
သင်္ကန်းကို ~သံဃာတော်များက...ကထိန်ခင်းမယ့် ရဟန်းကို ရွေးချယ်ပြီး
သိမ်ထဲမှာ ဥတ်ကမ္မဝါစာဖြင့် ပြုလုပ်ခြင်းကိုပဲ
#ကထိန်ခင်းသည် ဟု ဆိုခြင်းဖြစ်ပါတယ် …။
ထို့ပြင် …
♦️ကထိန်သင်္ကန်းအဖြစ်...
ဒီနေ့အလှူခံပြီး ဒီနေ့ပြီးအောင် ကံဆောင်ပြီးတဲ့ သင်္ကန်းနှင့်သာ ကထိန်ခင်းလို့ ရပါတယ် …။
ညလွန်တဲ့ သင်္ကန်း မဖြစ်ရပါဘူး …။
ဆိုလိုတာက-
ဒီနေ့ရတဲ့ သင်္ကန်းကို
နောက်နေ့ကျမှခင်းမယ်ဆိုရင် ကထိန်ခင်းရာ မရောက်ပါဘူး …။
♦️မသိုးသင်္ကန်း ဆိုတာ...
ရက်လွန်သွားတဲ့ သင်္ကန်းမဟုတ်ဘဲ ဒီနေ့အလှူခံ , ဒီနေ့အပြီး ကံဆောင်ပြီး
ဒီနေ့ခင်းတဲ့ သင်္ကန်းကိုသာ ပြောခြင်း ဖြစ်ပါတယ်။
ရက်လွန်သွားတဲ့သင်္ကန်း မဟုတ်မှသာ ကထိန်ခင်းလို့ ရပါတယ် …။
ထို့ပြင် …
♦️ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင်~
စည်းရုံးတာမျိုး ၊ အလှူခံတာမျိုးလည်းမလုပ်ရပါဘူး …။
အောက်ထစ်ဆုံး မိမိကို မွေးပေးလိုက်တဲ့ မိခင်ကိုတောင်မှ
ကျုပ်ကျောင်းမှာ ကထိန်ခင်းပါဆိုပြီး မပြောရပါဘူး …။
အဲလိုပြောပြီး ရလာတဲ့ သင်္ကန်းကိုလည်း ကထိန်ခင်းလို့ မရပါဘူး …။
♦️ကထိန်သင်္ကန်း အလှူရှင်က-
မိမိအလိုလို နားလည် သဘောပေါက်ပြီး
"သံဃဿ ဒေမ" ဆိုပြီး သံဃာကို ရည်စူးပြီး လှူဒါန်းတဲ့
သင်္ကန်းဖြင့်သာ ကထိန်ခင်းရတာ ဖြစ်ပါတယ် …။
♦️ဒီသင်္ကန်းက
ဘယ်ရဟန်းအတွက် စတဲ့ ပုဂ္ဂိုလ်ကိုစွဲပြီး လှူဒါန်းတဲ့ သင်္ကန်းဆိုလည်း
ကထိန် ခင်းလို့မရပါဘူး …။ သံဃာကိုလှူဒါန်းတဲ့ သင်္ကန်းပဲ ခင်းလို့ ရပါတယ် …။
နောက်ပြီး
♦️ကာလအပိုင်း အခြားအနေနဲ့
သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ တစ်လ၊
တစ်လမှာလည်း ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်သာ ခင်းခွင့်ရှိပါတယ် …။
- အပေါ်ရုံ { ဧကသီ } သင်္ကန်း
- ခါးဝတ် { သင်းပိုင် }
- နှစ်ထပ်သင်္ကန်း { ဒုကုဋ် }
၄င်းသင်္ကန်း သုံးမျိုးတို့တွင်
တစ်မျိုးမျိုးဖြင့် ကထိန်ခင်းနိုင်ပါတယ် …။
ကျန်သော ပဒေသာပင်မှ ပစ္စည်းများနှင့် အခြားသော လှူဖွယ် ပစ္စည်းများနှင့်လည်း
ကထိန်ခင်းလို့ မရနိုင်ပါ …။
🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️
၃။ကထိန်ခင်းရခြင်းအကြောင်း
🌴🌴🌴🌴🌴🌴🌴🌴🌴
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေတဲ့ အချိန် ဓုတင်ဆောင်တော် မူကြတဲ့
ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်တို့ဟာ မြတ်စွာဘုရားရှင် အား ဖူးမျှော်ဖို့အတွက် သာဝတ္ထိကို လာရင်း လမ်းမှာ သည်းထန်စွာ ရွာသွန်းတဲ့ မိုးကြောင့် ရဟန်းတော်များ ဝတ်ဆင်ထားတဲ့ သင်္ကန်းတွေ,နှစ်ထပ် သင်္ကန်းတွေ အားလုံး မိုးတွေ စိုရွှဲကုန်ပါတယ် …။မြတ်စွာဘုရားထံကိုရောက်လာတဲ့ အခါ မြတ်စွာဘုရားရှင်က ဝါတွင်းကာလမှာ ချမ်းချမ်းသာသာ သီတင်းသုံးပြီး တရားအားထုတ် ခွင့် ရ - မရ မေးတဲ့ အခါ ထိုရဟန်းတော် အပါးသုံးဆယ်က မိမိတို့အဖြစ်ကို လျှောက်ထားကြပါတယ် …။
ထိုရဟန်းတော်များရဲ့ အခက်အခဲများကို ရှေးရှုပြီး မြတ်စွာဘုရားရှင်က-
"ရဟန်းတို့ -ဝါကျွတ်ပြီးသော ရဟန်းတော်တို့အားကထိန်ခင်းခြင်းကို ငါဘုရား ခွင့်ပြုတော်မူတယ် " ဟူ၍
♦️ပါဝယျကဘဒ္ဒဝဂ္ဂီ ရဟန်း သုံးဆယ်ကို
အကြောင်းပြုပြီး...ကထိန်းခင်းရခြင်း အကြောင်းတရား ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️
၄။ကထိန်ခင်းခြင်းအကျိုးတရား
❄❄❄❄❄❄❄❄❄❄❄❄❄
♦️{ ကထိန်အာနိသင် } ရသော ရဟန်းတို့မှာ...
- အိမ်တစ်အိမ်က ဆွမ်းစားပင့် ဖိတ်ထားတာ
ရှိရင်...
အဲဒီအိမ်မှာ ဆွမ်းမစားမီ ဖြစ်စေ ၊ ဆွမ်းစားပြီး ဖြစ်စေ ၊
တခြားအိမ်သို့ သွားလိုပါက ထင်ရှားရှိသော ရဟန်းအား မပန်ကြားဘဲ
သွားလာနိုင်ခြင်း …။
- တိစီဝရိတ် အဓိဋ္ဌာန် တင်ထားသော
သင်္ကန်းကို မယူဘဲ သွားလာနိုင်ခြင်း …။
- ဆွမ်းဘုဉ်းပေးကြွပါဟု မဖိတ်ဘဲ
ထမင်းစားလာပါ ၊မုန့်စားလာပါ စတဲ့ လူအသုံးအနှုန်းများဖြင့် ပင့်ဖိတ်တဲ့
ဂဏဘောဇဉ်ကို ဘုဉ်းပေးနိုင်ခြင်း …။
- အလိုရှိတိုင်း အဓိဋ္ဌာန်ဝိကပ္ပနာ မပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း …။
- ထိုကထိန်ခင်းသော ကျောင်းတိုက်၌ ဖြစ်ပေါ်သမျှသော
သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်း... စတဲ့ အကျိုးအာနိသင် ငါးပါး
{ သိက္ခာပုဒ် ငါးပုဒ် ကင်းလွတ်ခွင့်} ကို ရတော်မူပါတယ် …။
♦️ကထိန်သင်္ကန်း လှူဒါန်းတဲ့
ဒကာ ဒကာမများ အနေဖြင့်လည်း ...- အရပ်လေးမျက်နှာအရပ်များသို့ အတားအဆီးမရှိ ၊ လွတ်လွတ်လပ်လပ်
သွားနိုင်ခြင်း ၊
- မည့်သည့်အရပ်ကို မဆို တာဝန်ကိစ္စ မလေးဘဲ ပေါ့ပေါ့ပါးပါး သွားလာနိုင်ခြင်း၊
- အစားအသောက်နဲ့ ပတ်သက်လို့ အဆိပ်အတောက်စတဲ့ ဘေးဥပါဒ်အန္တရာယ်မဖြစ်ခြင်း၊
- မိမိတို့၏ ပစ္စည်းဥစ္စာများကို ရန်သူမျိုးငါးပါး လာရောက်ဖျက်ဆီးခြင်း ဆိုတဲ့... ဘေးအပေါင်းမှ ကင်းဝေးခြင်း၊
- မိမိတို့၏ ပစ္စည်းဥစ္စာများကို သူတစ်ပါးတို့ လာရောက်အစိုးတရယူငင်ခြင်း ...ဆိုတဲ့
ဘေးအပေါင်းမှ ကင်းဝေးစေခြင်း ဆိုတဲ့ အကျိုးကိုလည်း...ရဟန်းတော်များ၏ ကထိန်အာနိသင်
ငါးပါးအတိုင်း ရရှိစေနိုင်တာဖြစ်ပါတယ် …။
🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️
၅။ #ကထိန်သင်္ကန်းလှူဒါန်းခြင်း_မွန်မြတ်ပုံ နှင့်
#မဂ်လမ်းကို_ရည်ရွယ်ပုံ။
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
ကထိန်သင်္ကန်း လှူဒါန်းရတာ အကျိုးအလွန် ကြီးမြတ်ပါတယ် …။
ဘာကြောင့် အကျိုးကြီးမြတ်ရသလဲ❓ ဆိုတော့...
မြတ်စွာဘုရားရှင်က- 🔸️ အခြားပစ္စည်းလေးပါးနောက်ကို လိုက်ပြီး
အလှူခံကြရင်~ ကဲ့ရဲ့တော်မူတတ်ပါတယ်
🔸️ ပစ္စည်းလေးပါး တစ်ခုခု ရရေး အားထုတ်နေရင်လည်း~ ကဲ့ရဲ့တော်မူလေ့
ရှိပါတယ် …။
သို့သော်-
♦️ကထိန် အကျိုးအာနိသင်များ ကိုတော့ အလှူခံဖို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်
ချီးမွမ်းတော်မူပါတယ် …။
ဒါကြောင့်-
အလွန် မွန်မြတ်သန့်စင်လှပါတယ် …။
🔸️ အလှူရှင်များ အနေဖြင့်-
မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းကြသလို၊
🔸️ ရဟန်းတော်များဘက်ကလည်း-
ဒီသင်္ကန်းကို ဝတ်ရုံပြီး မဂ်ဖိုလ်နိဗ္ဗာန်ရသည်အထိ ကြိုးစား ပွားများ အားထုတ်နေကြတဲ့ အတွက်
အလွန်ပင် မွန်မြတ်လှပါတယ်ဟု ရေးသားလိုက်ရပါတယ် …။
🙏 #Credit_AungAung✍
#ZayarWin ထံမှ- ထပ်ဆင့်ကူးယူ
ဓမ္မဒါနပြုပါသည်။🙏
🔸️️⚜🔸️️⚜🔸️️⚜🔸️️⚜🔸️️⚜
Comments
Post a Comment